Myanmar Ebook Collection
ဒီဘလော့မှာ ရှိသော မြန်မာအီးဘုတ်(ခ်)များမှာ အင်တာနက်ထဲမှာ ရှာဖွေပြီး ဒေါင်းလုပ် လုပ်ကာ ပြန်လည်တင်ထားခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ အများစုမှာကတော့ ချယ်ရီသစ္စာမှ ဖြစ်ပါတယ်။ တစ်ချို့မှာ မြန်မာပြည်သားမှ ဖြစ်ပါတယ်။ တစ်ချို့ တစ်ချို့တွေကတော့ ဖိုရမ်များ နှင့် သူငယ်ချင်းများ ဆီမှ ရထားခြင်း ဖြစ်ပါတယ်။ တစ်ချို့တွေကတော့ ဘယ်ဆီကရသည်မှန်း မမှတ်မိတော့ပါ။ မြန်မာအီးဘုတ်(ခ်)ဘလော့သို့ မြန်မာအီးဘုတ်(ခ်)များ၊ မြန်မာအီးဘုတ်(ခ်)လင့်များ ပေးပို့ခဲ့လျှင် ပေးပို့သူများ အမည်ကို ဖော်ပြပေးစေလိုပါက ပို့(စ်)၏အောက်တွင် ဖော်ပြပေးပါမည်။ အကယ်၍ အမည်မဖော်ပြပေးစေလိုပါက ဖော်ပြမည်မဟုတ်ပါ။ မည်သို့ပင်ဖြစ်စေ မြန်မာအီးဘုတ်(ခ်)ရရှိခဲ့သော ဆိုက်များ ၊ ဖိုရမ်များ ၊ သူငယ်ချင်းများ နှင့် မြန်မာအီးဘုတ်(ခ်)ဘလော့သို့ မြန်မာအီးဘုတ်(ခ်)များ၊ မြန်မာအီးဘုတ်(ခ်)လင့်များ ပေးပို့သူများ အားလုံးကို မြန်မာအီးဘုတ်(ခ်)ဘလော့မှ အထူးကျေးဇူးတင်ရှိပါသည်။
Please let me know via COMMENTS if you found any dead links. Site is under Maintenance and sorry for delay updates :)
mayvelous
May 22nd, 2007 at 7:48 am
A great site! I bet everyone appreciates the time and effort you put into this. Thanks you so much for making it available.
Hehe this last sentence is so funny.
မည်သို့ပင်ဖြစ်စေ မြန်မာအီးဘုတ်(ခ်)ရရှိခဲ့သော ဆိုက်များ ၊ ဖိုရမ်များ ၊ သူငယ်ချင်းများ နှင့် မြန်မာအီးဘုတ်(ခ်)ဘလော့သို့ မြန်မာအီးဘုတ်(ခ်)များ၊ မြန်မာအီးဘုတ်(ခ်)လင့်များ ပေးပို့သူများ အားလုံးကို မြန်မာအီးဘုတ်(ခ်)ဘလော့မှ အထူးကျေးဇူးတင်ရှိပါသည်။
I tried to read it out and got my tongue tangled. LOL.
Thanks again for mm ebooks.
မောင်စစ်
May 23rd, 2007 at 12:49 am
ပထမဆုံးပြောလိုတာ မြန်မာအီးဘွဒ်ဘလော့ခ်ဖန်တီးသူများကို အထူးကျေးဇူးတင်ကြောင်းပါ။ ရည်ရွယ်ချက်ကောင်း၊ စေတနာကောင်းနဲ့လုပ်တဲ့အတွက်လည်း ပိုပြီးအောင်မြင်စေဖို့ ဆန္ဒပြုပါတယ်။ ကျနော့်မှာရှိပြီး ကျနော်ကိုယ်တိုင်လည်းကြိုက်တဲ့ စာလေးတစ်အုပ်ကို လင့်ခ်နဲ့အတူပေးပို့လိုက်ပါတယ်။ လိုအပ်သလို အသုံးပြုနိုင်ပါတယ်။ (ကျနော်လည်းပဲ မိတ်ဆွေတစ်ယောက်ဆီကနေ ကူးထားတာပါ) အခြားသော မြန်မာအီးဘွဒ်အတော်များများလည်း ရှိပါသေးတယ်။ ချယ်ရီသစ္စာ၊ မြန်မာပြည်သား နဲ့ မိတ်ဆွေတွေဆီက စုဆောင်းထားတာလေးတွေပါ။ ခုတော့ စာရင်းလုပ်နေဆဲမို့ တိတိပပမဖော်ပြနိုင်သေးပါ။ ဒီဘလော့ခ်နဲ့ပတ်သက်ပြီးလည်း ကူညီနိုင်တဲ့ကဏ္ဍမှလည်း ကူညီလိုပါတယ်။
ဒီဆိုဒ်နဲ့ပတ်သက်ပြီး အခက်အခဲအနေနဲ့ ကြုံတွေ့တာတစ်ခုက ဒီဆိုဒ်မှာတင်တဲ့စာအုပ်အများစုကို ဒေါင်းလုတ်လုပ်တဲ့အခါမှာ MEGAUPLOAD ဆာဗာမှာပဲ အများဆုံးတင်ထားတာ တွေ့ရပါတယ်။ (ကျနော်ဒေါင်းလုတ်ချမိသလောက်ပဲ ပြောတာပါ။ စာအုပ်လင့်များအားလုံးတော့ ဟုတ်မဟုတ်မသေချာပါ။ မှားရင်လည်း ခွင့်လွှတ်ပါခင်ဗျား) အဲဒီဆာဗာကနေ ဒေါင်းလုတ်ချရတာ သိပ်အဆင်မပြေပါဘူး။
(၁) အချက် - တစ်ပြိုင်တည်း နှစ်ဖိုင်ဒေါင်းလုတ်ဆွဲမရပါဘူး။
(၂) အချက် - ဖိုင်အတော်များများကို Download Limit Overceed ပေးပါတယ်။
(၃) အချက် - ဖိုင်တိုင်းကို ဒေါင်းလုတ်ချဖို့ ကုဒ်ရိုက်၊ (၄၅)စက္ကန့်စောင့်ပြီးမှ ဒေါင်းလုတ်လင့်ကိုနှိပ်လို့ရပါတယ်။ အဲဒါတောင် Download Limit ဆိုတာမျိုးက ပေါ်လာတတ်တော့ နဲနဲဘ၀င်မကျလှဘူး။
အခြားဆာဗာတစ်ခုခုမှာ ပြောင်းတင်ပေးနိုင်မလားဆိုတာ သိပါရစေခင်ဗျား။ ကျနော်ကတော့ ripway.com, fileden.com, box.net တို့လိုမျိုးတွေပဲ သုံးဖူးတာမို့ သိပ်ကောင်းလှတာတွေတော့ မသိပါ။ ဒါပေမယ့် အဲဒီဆာဗာတွေကတောင် MEGAUPLOAD ထက်စာရင် ဒေါင်းလုတ်ချရတာ ပိုအဆင်ပြေနေသလားလို့ပါ။
အမှားပါရင် ခွင့်လွှတ်ပါ။
အောင်မြင်တိုးတက်ကြပါစေ။
လေးစားကျေးဇူးတင်စွာဖြင့်
မောင်စစ်
ရွှေဥဒေါင်း - တစ်သက်တာမှတ်တမ်း အတွေးအခေါ်များ
http://www.fileden.com/files/2006/9/6/205911/Shwe%20Oo%20Daung.pdf