မင်္ဂလာပါခင်ဗျာ !!!
မြန်မာ
Ebooks များကို အဆင်ပြေစွာ ကြည့်ရှုနိုင်ရန်

ကို အသုံးပြု၍ ဖတ်ပါ။
ဒီနေရာတွင် ဒေါင်းလုပ်ပြုလုပ်နိုင်ပါတယ်ခင်ဗျာ။
Mediafire နှင့် Zshare ဒေါင်းလုပ် လုပ်ပုံလုပ်နည်းကိုလည်း
ဒီနေရာတွင် ပုံနှင့်တကွ ရှင်းပြထားပါတယ်။
စာအုပ်မျှဝေချင်သူများ အတွက် စာအုပ်မျှဝေနည်းကို ဒီနေရာတွင် ကြည့်ရှူပြီး မျှဝေနိုင်ပါပြီ။
MMEbooks
MMEBOOKS တွင်ရှိသော မြန်မာအီးဘုတ်(ခ်)များမှာ အင်တာနက်ထဲမှ ရှာဖွေပြီး ဒေါင်းလုပ်လုပ်ကာ ပြန်လည်စုစည်း တင်ပြထားခြင်းဖြစ်ပါသည်။ကိုယ်ပိုင် Server ပေါ်တွင်တင်ထားခြင်းမဟုတ်ပါ။ Download လုပ်နိုင်သောဖိုင်များအတွက် ကျွန်တော်တို့ဖက်မှ တာဝန်မယူပါ။
Ebook အသွင်ဖြစ်မြောက်အောင် ဖန်တီးထားကြသော သက်ဆိုက်သူများကို Credit အသီးသီးပေးထားပါသည်။ အချို့စာအုပ်များသည် Credit မတွေ့သောကြောင့် Credit မပေးမိသည်များရှိသော် သက်ဆိုင်ရာစာအုပ်၏ Comment အောက်တွင် ရေးပေးထားခဲ့ပါ။ ကျွန်တော်တို့ဖက်မှ နာမည်ထည့်သွင်းပေးပါမည်။
mhh
January 19th, 2010 at 10:55 am
ကျွန်တော်ဒီစာအုပ်ကိုအရမ်းကြိုက်ပါတယ်..အကြေင်းမညီညွတ်လို့ ၀ယ်ပီးမသိမ်းထားလိုက်နိုင်ပေမယ့်……..အခုလိုတင်ပေးထားတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်………ဒါပေမယ့် အခု ကျွန်တော်ဒီစာအုပ်ကို mediafire
ကနေ download လုပ်တာ မရဘူးဖြစ်နေပါတယ်……..အခြားဘယ် link ကနေ ယူရင်ရမလဲဆိုတာကို ပြောပြပေးစေချင်ပါတယ်………
mmebooks
January 19th, 2010 at 2:48 pm
mhh…
Ifile ကကော မရဘူးလား။
ghostchatter
January 22nd, 2010 at 6:38 pm
တစ်ခုလောက် မေးပါရစေ . ဒီစာအုပ်ကို ဘယ်ကနေရပါသလဲ ။ ဒီစာအုပ် ဖြစ်လာဖို့ ဘယ်သူက အချိန်ကုန်ခံပြီးရိုက်ထားပါသလဲ ။ ဒီက ဆိုက်အက်ဒမင် အနေဖြင့် သိပါသလား။ ဒီစာအုပ်ကို ကျွန်တော်ရိုက်ထားတယ်။ ဒီစာအုပ်မှာ ဘယ်သူက ရိုက်တယ် ဘယ်သူက ပီဒီအက် အဖြစ်ပြောင်းတယ် ဘယ်နှစ်ခုနှစ်။ ဘယ်လမှ ပီဒီအက်အဖြစ် စတင်ထုတ်ဝေတယ်ဆိုတာကို ကျွန်တော်တို့ ပီဒီအက်မှတ်တမ်းအနေနဲ့ ထည့်ထားပါတယ်။ ဒီစာအုပ်မှာ ပါတဲ့ စာတွေက အကုန်လုံး ကျွန်တော်ရဲ့ ပို့စ်တွေကနေ တိုက်ရိုက် ကော်ပီလုပ်ပြီး ပီဒီအက် အဖြစ်ပြောင်းလဲထားခြင်းဖြစ်တယ်။ စာလုံးပေါင်းအမှားတွေ .. smilies တွေပါနေတာ ။ ပြီးတော့ အခု စာအုပ်ရဲ့ စာမျက်နှာ ၁၀၂ မှာ
ghostchatter is still waiting for u
Myanmar Cupid
ghostchatter is offline
Join Date: Oct 2008
Location: lwint mhyaw sae
Posts: 582
Thanks: 4839
Thanked 12899 Times in 586 Posts
အစ ပါနေတယ်။ ဒီတော့ ဒီဆိုက်ကအက်ဒမင်က ဘယ်လိုများ ဖြေရှင်းချက်ပေးချင်ပါသလဲ။ ဒီစာအုပ်က ဘာမှမပြင်ရသေးပါဘူး ။ ဒီတိုင်း ကော်ပီလုပ်ပြီး ပီဒီအက်အဖြစ်သာ ပြောင်းထားခြင်းဖြစ်သည်။ တော်တော်ဝမ်းနည်းပါသည်။အချိန်ကုန် အပင်ပန်းခံပြီး ရိုက်ထားသော စာအုပ်ကို ဘယ်သူက ရိုက်တယ်ဆိုတဲ့ ဒရက်ဒစ်မပေးတာ။ ကိုယ့်စာအုပ်လိုလို ပုံစံနဲ့ ဖန်တီးမှုတွေဟာ ရှက်စရာလည်း ကောင်းပါသည်။ အက်ဒမင် အနေဖြင့် ဘယ်ကနေရသလဲ ဆိုတာ သေချာစိစစ်ပါ။ ဒါဆိုရင် အခုလက်ရှိ တင်ထားသော စာအုပ်များသည် အက်ဒမင် အပိုင်တွေလား၊ ဒက်ဒမင် ကိုယ်တိုင် ဖန်တီးထားသော စာအုပ်များ ဖြစ်ပါသလား။ ဒီပို့စ်တွေကို ကော်ပီ နိုင်ခြင်းဟာ ကျွန်တော်တို့ ဖိုရမ်ကို ၀င်ရောက်နိုင်တဲ့ မန်ဘာတစ်ယောက်ကပဲ ကော်ပီလုပ်နိုင်ပါမှာ။ ကျွန်တော်တို့က အဝေးရောက် မြန်မာတွေအတွက် အချိန်ကုန်ခံပြီး ကိုယ့်မှာ ရှိတဲ့ စာအုပ်တွေကို ရိုက်တင်ပြီး ဒါနလုပ်နေကြတာပါ။ ပြီးတော့ ပီဒီအက်အဖြစ်ပြောင်းလဲပြီး ဒါနလုပ်ပါတယ်။ အခု လုပ်ရပ်က ကျွန်တော်တို့ကို တော်တော်ထိခိုက်ပါတယ်။ စာအုပ်မူရင်းကို ရယူလိုပါက ကျွန်တော် ghostchatter@gmail.com ကို ဆက်သွယ်နိုင်ပါသည်။
htwaylay
January 30th, 2010 at 1:10 pm
mediafire ကဒေါင်းလုပ်ခ် လုပ်လို.ရပါတယ်။ ဒီစာအုပ်ကို တင်ပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ အဝေးမှာ အလုပ်လုပ်နေရသူတွေအတွက်ကတော့ mmblogs ရဲ့ ကျေးဇူးက အဖိုးမဖြတ်နိုင်ပါဘူး။ စာအုပ်ကောင်းတွေ အများကြီးတင်နိုင်ပါစေ။
myo
January 30th, 2010 at 10:23 pm
စာအုပ်ကောင်:တအုပ်ကို ဖတ်ခွင်.ရအောင်စီစဉ်ပေးသူတွေကိုအထူးကျေးဇူးတင်ပါတယ်။နောင်ကိုလည်းအခုလိုစီစဉ်ပေးပါဦးလို့။
admin
February 3rd, 2010 at 12:01 am
@ghostchatter : ကျွန်တော်ဒီဆိုက်အကြောင်းကို Credit Page မှာပွင့်ပွင့်လင်းလင်း ထင်းထင်းရှင်းရှင်း ရေးသားခဲ့ပါတယ်။ ဒီဆိုဒ်မှာစုစည်းထားတဲ့ စာအုပ်အားလုံးဟာ ကျွန်တော့ကိုယ်ပိုင်တစ်ခုမှမရှိပါဘူး။ ကိုယ်တိုင်ရိုက်တာထားတာမျိုးလဲမရှိပါဘူး။ ဖိုရမ်တွေကနေတဆင့် ရရှိတဲ့လင့်ကိုပြန်လည် စုစည်းပေးထားခြင်းသာဖြစ်ပါတယ်။ ဖိုရမ်တွေမှာလဲ စာအုပ်တစ်ခုကို တစ်ဆင့် တစ်ဆင့်ပြန်လည်မျှဝေကြတဲ့အခါ ခရက်ဒစ်မပါတော့တာမျိုးတွေ ရှိသွားတတ်ပါတယ်။ အခုစာအုပ်ကို ကျွန်တော် ဖိုရမ်တစ်ခုကနေတွေ့လို့ပြန်မျှဝေထားတာပါ။ ဒါပေမယ့် ခရက်ဒစ်မယ်မယ်ရရမတွေ့မိတာနဲ့ ဒီလိုပဲတင်ထားလိုက်ပါတယ်။
ဒီဆိုက်ပေါ်မှာ ကျွန်တော်ဘယ်တုန်းကမှ ကိုယ်ပိုင်စာအုပ်တစ်အုပ်လို့ ထင်ရောင်ထင်မှားဖြစ်အောင် တစ်ခုမှမပြုမှုဖူးပါဘူး။ သက်ဆိုင်ရာ ပိုင်ရှင်တွေကို တစ်လေးတစ်စား ခရက်ဒစ်ပေးထားပြီးသားပါ။ အခုလို ghostchatter အနေနဲ့ ပွင့်ပွင့်လင်းလင်း လာရောက်ရေးသားတဲ့အတွက် ကျွန်တော်တို့ဖက်မှ ကျေးဇူးတင်ရှိပါတယ်။ ghostchatter ကိုခရက်ဒစ်ပေးလိုက်ပါ့မယ်ခင်ဗျာ။